Sunday, November 6, 2016

ငါ နင့်ကို အရမ်းချစ်မိသွားပြီ

 Welcome To MY Blog

  1. အခုလို့ blog ထဲကို ရောက်လာ ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    ငါ နင့်ကို ဘယ်က စပြောရမှန်းတောင်မသိဘူး
    ငါက တော်ကီ ပွားတာ ကောင်းရင် နင်က အမြဲတမ်းကြောင်နေတဲ့သူလို့ထင်နေမှာ
    ငါလည်း တော်ကီတွေပီကေ တွေ သိပ်တော့ မပွားတတ်ပါဘူး
    ရင်ထဲက ရှိ ရှိတဲ့အတိုင်းပဲ ပြောချင်တာပါ ငါနင့်ကိုချစ်မိတဲ့အကြောင်း ကဗျာလေး ရေးထားပါတယ် နင့်ဖတ်ကြိပေးပါ
    👓👓 


 ငယ်ကတူယှဉ် ပေါင်းသင်းခဲ့သည်
အတန်းကြီးလည်း မမေ့ခဲ့ပြီ
သူငယ်ချင်းရင်းမို့ ပြောရခက်သည်
ချစ်တယ်စကား ပြောမထွက်ခဲ့ပြီ
ရင်ခုန်သံကို ဥာဏ်နှင့်ယှဉ်သည်
တကယ်ချစ်မှန်း ခုမှသိပြီ
ရဲဆေးတင်ကာ ဖွင့်ပြောမိသည်
နှတ်ထွက်စကား မကြားဝံပြီ
ဘုရား၌လည်း ဆုတောင်းမိသည်
နင့်အဖြေအတွက် ရင်ခုန်မိပြီ
ရည်းစားစကား စရေးနေသည်
မိုးလေးကလည်း တဖွဲဖွဲရွာပြီ
လွှမ်းသလိုလို ခံစားရသည်
တော်ပြီကွယ့် ငါလည်းအိပ်တော့မယ်
November 6,2016. 12:28AM




ဘယ်လိုပြောရမှန်းမသိတော့ဘူး ဖြူစင်နေတဲ့ နင့်ကို ငါ အရောင်တွေ ဆိုးမိနေတာတော့ အမှန်ပဲ ထူးအိမ်သင် သီချင်းထဲကလို
အရင်တစ်နေ့က သူ့မျက်နာတွေ့လိုက်ရသည် ကိုယ်လေ သေလုမျောပါကွယ် ခံစားရတဲ့အဖြစ် စမ်းစစ်ကြည့် အော် ချစ်တာပဲဖြစ်မည်  😁 သီချင်းထဲ စိတ်ပါသွားလို့😁



ငါ နင့်ကို အရမ်းချစ်မိသွားပြီ ဒီစကားပြောဖို့အတွက် အကြိမ်ကြိမ်အခါခါ လေ့လာစမ်းစစ်ပြီးမှ ပြောတာပါ လွယ်လွယ့််ဲ ပြောမဟုတ်ပါဘူး
ဒါဟာ ငါ့ဘဝရဲ့ပထမဦးဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ် ချစ်ခွင့်ပန်တာပါ
နင် ဒီ blog ထဲ မဝင်ပဲနေမှာ စိုးရိမ်မိတယ် နောက် နင့်ဆီက ရမယ့် result ကိုလန့် ကြောက်နေမိတယ်
ဆယ်တန်းresult ထက်ပိုကြောက်မိပါတယ် အပိုပြောတယ်လို့မထင်ပါနဲ့ ဆယ်တန်းက ကိုယ့်ရဲ့ကြိုးစားမှုပေါ်မူတည်တဲ့အတွက် အဖြေကိုကြိုသိနိုင်ပါတယ် ငါနင့်ကို ချစ်တယ်လို့ပြောပြီး ရလာမယ့် နင့်ဆီက result ကိုတော့ ငါကြိုပြီးမသိနိုင်သလို ကြိုပြီးလည်းမသိချင်ဘူး😥
ဒါပေမဲ့ နိဆီက အဖြေုကိုတော့ လိုချင်မိပါတယ်

နိ နဲ့ ငါ စကားပြောထားတဲ့ ဟာလေးတွေ တင်ထားတယ် ဖတ်ကြိပေါ့ 😁😁😁




ငါနင့်အတွက် video လေး တစ်ခုလုပ်ထားတယ်  ဒီကနေ ဝင်ကြည့်ပေးပါနော် 😊😊😊😊 သီချင်းသံတော့ပါတယ် နားကျပ်နဲ့တပ်ပြီးဖွင့်ပေါ့ နားကျပ်မရှိလည်း အသံတိုးတိုးနဲ့ ဖွင့်ကြည့်ပေးပါနော် 😊



No comments:

Post a Comment